ပဲခူးသားလေး(နည်းပညာ)မှ ကြိုဆိုပါသည်။ စတင်လေ့လာခါစဖြစ်သည့်အတွက် ပြည့်စုံမှုမရှိသေးသည်ကို တောင်းပန်အပ်ပါသည်။

Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)

Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)


Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။ 


ဘယ်လိုပဲဖြစ်ဖြစ် သုံးရတာတော့ သိပ်အကောင်းကြီးမဟုတ်တောင်မှ အတော်လေးတော့ အဆင်ပြေပါတယ်..။ နောက်ပြီး You Tube ကသီချင်းတွေကို ဒေါင်းလော့ချရတာလည်း လွယ်တယ်..။ IDM နီးနီးမြန်တယ်..။ လုပ်နည်းလေးကတော့ အောက်မှာကြည့်လိုက်ပါဗျာ.. မိမိတို့စက်ထဲမှာ Google Chrome မရှိသေးရင်
ဒီနေရာလေးမှာ အရင် ဒေါင်းလော့ချလိုက်ပါ...။
မိမိတို့ရဲ့ စက်ထဲမှာ Google Chrome ရောက်ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ.. မြန်မာစာရေးလို့ရအောင်၊ ပေါ်အောင်လို့ ဒီအောက်ကလင့်လေးကို copy ကူး ၊ Google Chrome ရဲ့ Google စာမျက်နှာမှာ paste နဲ့ ထည့်ပြီး Enter ခေါက်လိုက်ရင် ဒီအောက်က ပုံမျိုးကို မြင်ရပါပြီ..။ ဒီအောက်မှာပေးထားတဲ့ လင့်တွေဟာ Google Chrome နဲ့ဆို တခါထဲ ကလစ်ပြီးတန်းဝင်လို့ ရအောင် လုပ်ထားတဲ့ လင့်အရှင်တွေပါ..။ Chrome နဲ့ဆို နှိပ်ပြီးတန်းဝင်လိုက်ပါ...။လင့် ကျန်တာတွေတော့ ပုံမှာပြထားတဲ့အတိုင်း ဆက်လုပ်သွားလိုက်ပါ..
.


No comments:

Post a Comment