ပဲခူးသားလေး(နည်းပညာ)မှ ကြိုဆိုပါသည်။ စတင်လေ့လာခါစဖြစ်သည့်အတွက် ပြည့်စုံမှုမရှိသေးသည်ကို တောင်းပန်အပ်ပါသည်။

Viber မှာ မြန်မာစာပေါ်အောင် လုပ်နည်းနှင့် ဆော့ဝဲလ်များ Update မတက်အောင် ပိတ်နည်း

Viber မှာ မြန်မာစာပေါ်အောင် လုပ်နည်းနှင့် ဆော့ဝဲလ်များ Update မတက်အောင် ပိတ်နည်း 

Viber Update အသစ်ထွက်ပြီးကတည်းက Android ဖုန်းတွေမှာ အလိုလို Update တက်သွားတာတွေရှိသလို.. Facebook လို နေရာတွေကနေ Viber မှာ Video Call ရလာပြီ ဆိုတဲ့ ကြော်ငြာကောင်းလို့ ဒေါင်းယူ အသုံးပြုတဲ့လူတွေလည်း မနည်းမနောရှိခဲ့ပါတယ်..။ နောက်ဆုံးတော့ Samsung လို မူရင်း မြန်မာစာပါတဲ့ ဖုန်းတွေကလွဲလို့.. Root ဖေါက်ပြီး မြန်မာစာ ထည့်ထားတဲ့ ဖုန်းတွေမှန်သမျှ အားလုံး Viber မှာ မြန်မာစာ မပေါ်တော့ပါဘူး..။ အာ့မှာစတွေ့တာပါ..။ Viber Update ထွက်ပြီးကတည်းက မြန်မာစာ မပေါ်တော့တဲ့ ပြဿနာ အတော်လေး ဖြေရှင်းပေးခဲ့ပြီးပါပြီ..။ အခုတော့ Cbox မှာ မေးလာတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တခုအဖြစ် တင်ပေးလိုက်ပါတယ်..။ 


အခုတလော ကိစ္စအတော်များများနဲ့ အလုပ်ရှုပ်နေလို့ ပိုစ့်တွေလည်း မတင်ဖြစ်၊ Blog ဘက်လည်း လှည့်မကြည့်အားပါဘူး..။ ကျနော်စာမရေးတာ ကြာသွားလို့ပဲလားတော့ မသိ.. ဟိုတလောက ကျနော့် Blog ရဲ့ Cbox မှာ လာဆဲတဲ့လူနဲ့တောင် ကြုံခဲ့ရပါတယ်..။ ကျနော်လည်း စာတွေပုံမှန်မရေးနိုင်တော့ လာဆဲတဲ့လူကိုလည်း စိတ်မဆိုးအားပါဘူး..။ ရှိပါစေတော့..။ 
အခုဒီပိုစ့်က Viber မှာ မြန်မာစာ ပေါ်အောင် လုပ်နည်းကတော့ Android စမတ်ဖုန်းတွေနဲ့ Android Tablet တွေအတွက် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်..။ အရင်ဆုံး မိမိတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ Play Store ကိုဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ် Apps Update တွေကို အလိုလို Update မလုပ်အောင် အရင်သွားပိတ်ပေးထားလိုက်ပါ..။ ပြီးမှ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ Viber ဗါးရှင်းအဟောင်းလေးကို ဒေါင်းယူပြီး SD card or Bluetooth ကနေ ပြောင်းထည့်ပြီး.. ဖုန်းထဲမှာ Install ထပ်ထည့်ပေးလိုက်ရင် မြန်မာစာ အရင်အတိုင်း ပြန်ပေါ်လာပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတဲ့ Viber ဗါးရှင်းအဟောင်းလေးပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.6 MB ရှိပါတယ်..။

     link    =====   ONE   /    TWO

1 comment:

  1. What Is The Difference Between Making Money From Sports Betting?
    If you want to make money from the sports betting worrione business, you have to make choegocasino your bets online, whether you are betting on college หารายได้เสริม football or basketball

    ReplyDelete